Category Archives: Donations

Spring 9 Cook is back!

𝚂𝚙𝚛𝚒𝚗𝚐 𝟿 𝙲𝚘𝚘𝚔 𝚒𝚜 𝚋𝚊𝚌𝚔! အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားတဲ့ Spring 9 Cook လေး ပြန်လာပါတော့မယ်ရှင့်။ Spring 9 Cook ရဲ့ မူအတိုင်း အဖွဲ့သားများရဲ့ လုပ်အားခနဲ့ အမြတ်များကို အာဏာရှင်တော်လှန်ရေးရဲ့လိုအပ်တဲ့ နေရာတွေမှာ ပါဝင်ကူညီသွားမှာ ဖြစ်ပါတယ်။ Spring 9 Cook အဖွဲ့သားများအနေနဲ့ ရောင်းချတဲ့ အစားအသောက်များကို စေတနာအပြည့်နဲ့ အကောင်းဆုံး ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။ အမြဲအားပေးနေကျ မိတ်ဆွေများကို ကျေးဇူးလည်းတင် အားလည်းနာရင်း အားပေးကြပါဦးလို့ ဖိတ်ခေါ်ပါရစေ။ ရောင်းချမယ့်နေ့ကတော့ ၁၂ ဇွန် ၂၀၂၂ ( တနင်္ဂနွေနေ့) ဖြစ်ပါတယ်။ ရောင်းချမယ့် မီနူးများကို မကြာခင် ကြေငြာသွားပါမယ်ရှင်။ အရေးတော်ပုံ အောင်ရမည် slot […]

အနိုင်ပွဲကို ရောက်အောင်ထိ တိုက်ပွဲ၀င်သွားကြမယ့် Spring 9 Cook…

အနိုင်ပွဲကို ရောက်အောင်ထိ တိုက်ပွဲ၀င်သွားကြမယ့် Spring 9 Cook… ပြည်သူတွေ ညီညာမှ ပြည်သာမယ့် အရေးပါ…. နိုင်ဖို့က မဝေးတော့သလို နိုင်ခြေကိုမြင်နေကြတာလည်း အမှန်ပါပဲ… ဒါပေမယ့်.. ဟိုဘက် စစ်အာဏာရှင် အကျင့်ပုတ် အကျင့်ယုတ်တွေက ရှုံးထွက်မှာ ငြိမ်ငြိမ် အေးအေးဆေးဆေး ထွက်သွားကြမှာ မဟုတ်တာတော့ သေချာပါတယ်.. ဒီအချိန်က နိုင်ငံအတွက်.. ကျမတို့ အားလုံးအတွက်.. အလွန်အင်မတန်မှ အရေးကြီးနေတဲ့ အချိန်ပါ… ဒီတော်လှန်ရေးမှာ ကျမတို့တွေက ကိုယ်နိုင်ရာ Role … ကိုယ်ကျွမ်းကျင်ရာ နေရာကနေ တိုက်ပွဲ၀င်နေကြရမှာပါ…. အဝေးရောက်နေလို့ မကူနိုင်ဘူးဆိုတာ မဖြစ်ရလေအောင် ကျမတို့ Spring 9 Cook ကတော့ နည်းမျိုးစုံနဲ့ ပါ၀င်နေကြပါတယ်။ အဆုံးသတ်တိုက်ပွဲ မှာ တဖက်တလမ်းမှ ပါဝင်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ […]