


အနိုင်ပွဲကို ရောက်အောင်ထိ တိုက်ပွဲ၀င်သွားကြမယ့် Spring 9 Cook…
ပြည်သူတွေ ညီညာမှ ပြည်သာမယ့် အရေးပါ….
နိုင်ဖို့က မဝေးတော့သလို နိုင်ခြေကိုမြင်နေကြတာလည်း အမှန်ပါပဲ…
ဒါပေမယ့်.. ဟိုဘက် စစ်အာဏာရှင် အကျင့်ပုတ် အကျင့်ယုတ်တွေက ရှုံးထွက်မှာ ငြိမ်ငြိမ် အေးအေးဆေးဆေး ထွက်သွားကြမှာ မဟုတ်တာတော့ သေချာပါတယ်..
ဒီအချိန်က နိုင်ငံအတွက်.. ကျမတို့ အားလုံးအတွက်.. အလွန်အင်မတန်မှ အရေးကြီးနေတဲ့ အချိန်ပါ…
ဒီတော်လှန်ရေးမှာ ကျမတို့တွေက ကိုယ်နိုင်ရာ Role … ကိုယ်ကျွမ်းကျင်ရာ နေရာကနေ တိုက်ပွဲ၀င်နေကြရမှာပါ….
အဝေးရောက်နေလို့ မကူနိုင်ဘူးဆိုတာ မဖြစ်ရလေအောင် ကျမတို့ Spring 9 Cook ကတော့ နည်းမျိုးစုံနဲ့ ပါ၀င်နေကြပါတယ်။
အဆုံးသတ်တိုက်ပွဲ မှာ တဖက်တလမ်းမှ ပါဝင်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ကျမတို့ Spring 9 Cook ရဲ့ အစားအစာများကို ယုံကြည်စွာဖြင့် မှာယူစားသောက်ပေးခဲ့ကြတဲ့ Customer တဦးတယောက်စီတိုင်းကို ကျမတို့ Spring 9 Cook အဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါသည်ရှင့်။
တိုက်ပွဲကို အဆုံးထိအောင် နိုင်အောင်တိုက်နိုင်ဖို့က… ကျမတို့တွေ NUG ကို နိုင်နိုင်နင်းနင်း ကူညီကြဖို့ လိုပါတယ်။
ခုတခေါက်မှာတော့ Spring 9 Cook က
မြောင် အမျိုးသမီး ပြောက်ကျား အဖွဲ့ Myaung Women Warriors – ၁၀ သိန်း ကျပ်
မိုးကုတ် PDF – ၅ သိန်းကျပ်
ပလက်၀မြို့နယ် တိုက်ပွဲရောင် မိသားစုများ (IKACC) – S$1000
ကို ပါ၀င် အားဖြည့်ခဲ့ပါတယ်။
ကျမတို့တွေရဲ့ လုပ်အားအလှူငွေလေးတွေဟာ ကျမတို့ချစ်ရတဲ့ မြန်မာနိုင်ငံရဲ့ နွေဦး တော်လှန်ရေး လှုပ်ရှားမှုအတွက် ပါဝင်ခွင့်ရတာ ဂုဏ်ယူဝမ်းမြောက်လို့ မဆုံးပါဘူးရှင့်။
Spring 9 Cook ရဲ့ Customers များကို ပြောချင်တာကတော့ Spring 9 Cook ကို ဆက်လက်ပြီး အားပေးကြပါလို့။
Spring 9 Cook မှ မှာယူစားသုံးလိုက်တာဟာ မြန်မာပြည်ကြီးရဲ့
ခေါင်မိုးပြင်တာမှာဖြစ်ဖြစ်
ဒေါက်တိုင်ထူတဲ့ နေရာမှာဖြစ်ဖြစ်
အသီးအနှံ ၀ယ်ယူတာဖြစ်ဖြစ်
ပါ၀င်သွားမှာ သေချာပါတယ်…
အဆုံးသတ် တိုက်ပွဲ….. အနိုင်တိုက်မယ့် ပွဲ…..
အရေးတော်ပုံ မုချအောင်ရမည် ![]()
![]()
![]()